မွန်ပြည်နယ်၊ မုဒုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဒေါက်တာ ဘုန်းဝေဦးကို ဇွန် ၁၇ ရက် ညပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
ဒေါက်တာ ဘုန်းဝေဦးကို မေးမြန်းစရာရှိတယ်ဆိုပြီး သူနေထိုင်ရာ မုဒုံမြို့နယ် ကလော့သော့ရွာမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့လာရောက် စီးနင်းဖမ်းဆီးသွားတာလို့ အန်အယ်လ်ဒီ ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒေါက်တာ ဘုန်းဝေဦးကို ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးပါဘူး။
ဒေါက်တာ ဘုန်းဝေဦးဟာ ၂၀၂၀ ရွေးကောက်တုန်းက မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် နိုင်မွန်ရာဇာကို ရှုံးနိမ့်ခဲ့ပါတယ်။