Home
မြန်မာသတင်း
မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပျက်စီးပြီး သွားလာရခက်ခဲ
DVB
·
June 2, 2021

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ဗန်းမော်-ရွှေကူသွား ကားလမ်းမကြီးမှာ အခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် လမ်းတွေပျက်စီး ဗွက်ထပြီး သွားလာရခက်ခဲနေတယ်လို့ ခရီးသွား ကားသမားတွေဆီက သိရပါတယ်။

ခရီးသည်လိုင်းကားယာဉ်မောင်းတဦးက “မြစ်ကြီးနားဘက်က ထွက်လာရင် ဝိုင်းမော်ဘက်ခြမ်း ဒီကဇူး၊ ဒဘတ်ချောင်း ကျော်တာနဲ့ လမ်း စဆိုးတာပဲ သူက အစတုန်းက ကျောက်စီ ပြောင်းဖူးလမ်း။ အဲဒါကို ဒီ ၂၀၂၁ နှစ်ဦးပိုင်း  ကတည်းက လမ်းခင်းဖို့ ပြင်နေကြတော့ မြေကြီးတွေ တူးလိုက်တာ။ အဲဒီမှာတင် မိုးရွာချတော့ မြေသားလမ်းတွေ ဗွက်ထကုန်တယ်”လို့ ပြောပါတယ်။

ဒေသခံခရီးသွားတဦးက “ခါတိုင်းဆို နေ့ချင်းပေါက် ရောက်တယ်။ ရွှေကူအထိတောင်၊ အခုတလောတော့ လမ်းပျက်စီးတာနဲ့ တချို့ကားကြီးတွေ လမ်းချော်ပိတ်နေရင် လမ်းမှာတင် တညအိပ် မနက်ဖြန်လောက်မှ ရောက်တာ။ ကားခက မြစ်ကြီးနားကနေ ရွှေကူအထိကို ကျပ်  ၁၈,၀၀၀ ပေးလိုက်ရတယ်” ပြောပါတယ်။

ဒေသခံ ခရီးသွားယာဉ်မောင်းတဦးက “ဒီနေ့ ဇွန်လ ၂ ရက်နေ့မှာလည်း လမ်းတွေ ပျက်စီးနေတုန်းပဲ။ ကားသေးတွေအနေနဲ့ တော်တော်မလွယ်တော့ဘူး။ လူတွေနဲ့ တွန်းကြိုးတွေနဲ့ဆွဲနေရတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား-ဗန်းမော်လမ်းဟာ မိုင်ပေါင်း ၁၂၀ ခန့်ရှိကာ အချက်အချာကျသော ခရိုင်ချင်းဆက်လမ်း ဖြစ်တာကြောင့် အမြန်မပြုပြင်နိုင်ရင် ဆီဈေးတက်လာတာနဲ့ လုံခြုံရေး အခြေအနေကြောင့် ခရီးသွားဖို့ အလွန်ခက်ခဲလာမှာကို ဒေသခံခရီးသွားတွေက စိုးရိမ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024