တန့်ဆည်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
June 2, 2021
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ယောက် ဇွန်လ ၂ ရက် ဒီနေ့ မနက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
တန့်ဆည်မြို့၊ ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းကို မနက်က ၇ နာရီ နာရီခွဲက အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး သေဆုံးခဲ့သွားခဲ့တယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် တန့်ဆည်မြို့ပေါ်မှာ စစ်တပ်တွေ မြို့တွင်းလှည့်လည်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။