ဧရာဝတီတိုင်း၊ ကျုံပျော်မြိုမှာ ဇွန်လ ၁ ရက် ဒီညနေ ၅ နာရီကျော်လောက်က ဘောလုံးကွင်းအနီး မြို့မကျောင်းလမ်း အနောက်ဘက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျုံပျော်မြို့ခံတစ်ဦးက “အသံအကျယ်ကြီးပဲ။ မြို့မကျောင်းလမ်း အနောက်ဘက်၊ ငှက်ပျောတောထဲ ပေါက်တာ၊ သွားကြည့်လို့ မရဘူး။ တွေ့တဲ့သူ ဖမ်းခေါ်သွားမှာစိုးလို့” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရဲနဲ့စစ်သားတွေ ရောက်ရှိပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။
ဒီနေ့ ကျုံပျော်မြို့မှာ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး နေ့လယ် ၃ နာရီလောက်က ပထမတစ်ကြိမ် မြို့နယ်ပညာရေးမှူးရုံးရှေ့မှာပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီနောက် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ကျုံပျော်မြို့နယ် အ.မ.က (၁) မှာလည်း ဒီနေ့မနက်က ဗုံး ၁ လုံးထည့်ထားတဲ့ အိတ်တလုံး တွေ့ရှိခဲ့ပါတယ်။