Home
သတင်းဓာတ်ပုံ
မြိုင် CDM ပညာရေးဝန်ထမ်းနှင့်ကျောင်းသားများ သပိတ်တိုက်ပွဲဆင်နွှဲ
DVB
·
May 29, 2021

မြိုင်မြို့နယ် အနောက်မြောက်ပိုင်းဇုန်မှာ မေလ ၂၈ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး အလံမလိပ်၊ အသံမတိတ်တဲ့ ဆည်းဆာသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီကနေ သိရပါတယ်။

အခြေခံပညာအထွေထွေသပိတ်ကော်မတီက ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေး၊ ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လည်လွတ်မြောက်ရေး၊ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြခဲ့ကြတာပါ။

အနောက်မြောက်ပိုင်းဇုန်ကျေးရွာတွေက ပညာရေးဌာန CDM ဆရာ ဆရာမတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တာလို့ သပိတ်ကော်မတီ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မြိုင်မြို့နယ်အတွင်းမှာ CDM ပြုလုပ်လို့ ရာထူးကနေ ယာယီရပ်နား၊ ထုတ်ပယ် ခံထားရတဲ့ ပညာရေးဝန်ထမ်း ဆရာ ဆရာ မအရေအတွက် ၁၅၃၅ ဦးရှိတယ်လို့ အခြေခံပညာ အထွေထွေသပိတ်ကော်မတီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024