လှိုင်သာယာမြို့နယ်အတွင်း စစ်ကောင်စီ ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်သူနည်းပါးတာကြောင့် Non-CDM ဆရာ/ဆရာမတွေက ကျောင်းလာအပ်ဖို့ ကျောင်းသားမိဘတွေကို နည်းမျိုးစုံနဲ့ သိမ်းသွင်းစည်းရုံးနေတယ်လို့ သိရပါတယ်။
Non-CDM ဆရာ/ဆရာမတွေက အထက်တန်းကျောင်းသား မိဘတွေကို ဖုန်းနဲ့ဖြစ်စေ၊ လူကိုယ်တိုင်နဲ့ဖြစ်စေ သိမ်းသွင်းစည်းရုံးနေကြပြီး ခြိမ်းခြောက်တဲ့ပုံစံမျိုးထိ ရှိလာနေတယ်လို့ ကျောင်းသားမိဘအချို့က ပြောပါတယ်။
အချို့ ဆရာ/ဆရာမတွေဟာ ကျောင်းသားတွေအိမ်ကို ကိုယ်တိုင်သွားကာ မိဘတွေနဲ့တွေ့ပြီး ကျောင်းအပ်ဖို့ လိုက်လံဆောင်ရွက်ပေးပြီး ကျွန်ပညာရေးစနစ်ကို အသက်သွင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ပညာသင်နှစ်စနစ်ဟောင်းကို အစိုးရကျောင်းတွေမှာ ဒီနှစ်သာ နောက်ဆုံးလက်ခံသွားမှာဖြစ်ပြီး နောက်နှစ်မှ ကျောင်းပြန်ထားပါက အပြင်ဖြေသာရတော့မည်ဖြစ်ကြောင်၊ နေ့တိုင်းကျောင်းအပ်လက်ခံပေးနေတဲ့ ဆရာ /ဆရာမတွေကို အားနာသင့်ကြောင်း၊ အမြန်ဆုံး ကျောင်းလာအပ်ကြဖို့ ပုံစံအမျိုးမျိုး စည်းရုံးနေတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
အခုလို သိမ်းသွင်းစည်းရုံးတာတွေ လုပ်နေပေမယ့် ကျောင်းသားမိဘအများစုကတော့ စစ်ကောင်စီလက်အောက် အခုလို မလုံခြုံတဲ့အချိန် သားသမီးတွေကို လုံးဝကျောင်းအပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။