မြင်းခြံ-တလုပ်လမ်းက သစ်သားတံတား မီးလောင်
DVB
·
May 28, 2021
မန္တလေးတိုင်း မြင်းခြံမြို့နယ် ၊ မြင်းခြံ -တလုပ်သွား ကားလမ်းက သာပေါင်းတံတား မေလ ၂၇ ရက် မနေ့ညက မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာပေါင်းတံတား သစ်သားကြမ်းခင်းတချို့ မီးလောင်ကျွမ်းပျက်စီးသွားပြီး အဆိုပါ မီးလောင်မှုဟာ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ zero ပြောက်ကျားတပ်ဖွဲ့နဲ့ တခြားအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်မှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။