Home
မြန်မာသတင်း
ပွင့်ဖြူအထည်ချုပ်စက်ရုံဝန်ထမ်းများကို အတင်းအကျပ် ချေးငွေပြန်ဆပ်ခိုင်းနေ
DVB
·
May 28, 2021

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အတိုးမဲ့ထုတ်ချေးထားတဲ့ ဝန်ထမ်းလစာငွေ ၂ လစာကို အမှတ် (၄) အထည်စက်ရုံ ပွင့်ဖြူစက်ရုံမှူးက  ဝန်ထမ်းတွေဆီကနေ အတင်းအကျပ် ပြန်တောင်းခံကာ အလုပ်ထုတ်ပယ်တာတွေလုပ်နေတယ်လို့ စက်ရုံဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပွင့်ဖြူမြို့နယ် ချည် /ထည်စက်ရုံက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ ဝန်ထမ်းတွေကို စက်ရုံမှူး ဦးကျော်ဇံသိန်းက အလုပ်ကနေ ထုတ်ပယ်ပြီးတော့ ချေးငွေပြန်ဆပ်ခိုင်းနေတာလို့ စက်ရုံဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

လက်ရှိအချိန်မှာ CDM ဝန်ထမ်းတွေအနေနဲ့ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိတာကြောင့် အတိုးမဲ့ချေးငွေ ၂လစာကို ပြန်ဆပ်ဖို့ အခက်ခဲရှိနေကြတယ်လို့လည်းဆိုပါတယ်။ CDM မလုပ်တဲ့ ဝန်ထမ်းတွေကိုတော့ ၂လစာချေးငွေပြန်ဆပ်ခိုင်းတာ မရှိသေးဘူးလို့သိရပါတယ်။

NUG ပြည်သူ့အစိုးရကတော့  နိုင်ငံ့ဝန်ထမ်းတွေအတွက် ထုတ်ချေးထားတဲ့ ၂လစာချေးငွေ တွေဟာ ပြန်ဆပ်စရာမလိုကြောင်းနဲ့ ချီးမြှင့်ငွေအဖြစ်  သတ်မှတ်ပေးအပ်လိုက်တဲ့ အကြောင်း အသိပေးကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024