ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၂၅ ရက် နေ့လည်ပိုင်းက EPC ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
နေ့လည် ၁၂ နာရီခွဲဝန်းကျင် ရုံးအတွင်း မီတာဆောင်တဲ့သူတွေ ရောက်နေချိန်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ မျက်မြင်တွေ့သူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲချိန်မှာ အသံအကျယ်ကြီးကြားရပြီးနောက်ပိုင်း မီတာဆောင်နေတဲ့လူအုပ်ကြားက အော်ဟစ်အကူညီတောင်းခံတဲ့ အသံတွေကို ကြားရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်ရှိစစ်ဆေးနေပြီး ဒဏ်ရာရရှိမှုအခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။
ပုသိမ်မြို့မှာ မေလ ၂၂ ရက်နေ့က ဗုံးပေါက်ကွဲမှု ၃ ကြိမ်ထိဖြစ်ပွားခဲ့ပြီး ခုတကြိမ်ပါဆို ၄ ကြိမ်ထိရှိလာပြီဖြစ်ပါတယ်။