ကန်ကြီးထောင့်မြို့နယ်မှာ မေလ ၂၁ ရက်နေ့ ညပိုင်းက ကျေးရွာ မူလတန်းကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပိတောက်ပင်ကျေးရွာက မူလတန်းကျောင်းမှာ ည ၉ နာရီလောက် စတင်ပြီး နာရီဝက်ကြာ မီးလောင်ကာ မိုးရွာလာလို့ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးငြိမ်းပြီးနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး ကျေးရွာထဲ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ကျောင်းဝင်းအတွင်းက ကျောင်းဆောင်ဟောင်းတဆောင် မီးလောင်ခဲ့ပြီး အဲ့ကျောင်းမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။