ပန်းတနော် ကျေးရွာNLDခေါင်းဆောင် တိမ်းရှောင်နေသဖြင့် အိမ်သား ၂ ဦးကို ဖမ်းဆီး
DVB
·
May 22, 2021
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ မိမ္မပြေးရွာက NLD ပါတီခေါင်းဆောင် ဦးမြငြိမ်းဟာ တိမ်းရှောင်နေတာကြောင့် အိမ်သား ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၂ ရက်မနက်မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးချိန် ဦးမြငြိမ်း မရှိတာကြောင့် နေအိမ်မှာ ကျန်ရှိခဲ့သော အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေနဲ့အတူ ဆိုင်ကယ်နဲ့ ပစ္စည်းတချို့ကိုလည်း စစ်ကောင်စီက ယူဆောင်သွားတယ်လို့ သိရပါတယ်။