မန္တလေးတိုင်း၊ မိုးကုတ်မြို့က ညောင်သုံးပင်ရပ်ကွက်မှာ မေ ၂၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က CDM ကျောင်းဆရာရဲ့ဖခင်ကို အကြမ်းဖက်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောင်းဆရာရဲ့ဖခင်မှာ အသက် ၄၅ နှစ်ဝန်းကျင်ရှိပြီး ည ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က ညောင်သုံးပင်ရပ်ကွက်ထဲကို အင်အားအလုံးအရင်းနဲ့ ဝင်လာပြီး လာခေါ်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပြည်သူတွေကို နေ့စဥ် ဖမ်းဆီးနေပြီး ဖမ်းမယ့်သူကို ရှာမတွေ့ပါက အိမ်ရှိမိသားစုဝင်တွေကို ဖမ်းဆီးနေပြီး CDM ဝန်ထမ်း၊ သပိတ်ခေါင်းဆောင်တွေအပြင် လူငယ်တွေကိုလည်း ဖမ်းဆီးနေတယ်လို့ သိရပါတယ်။