ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
May 22, 2021
ကနီမြို့နယ် ကင်းရွာနဲ့ ၁၂ မိုင်အကွာက မြိုင်းဇရပ်လမ်းခွဲမှာ မေ ၂၂ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ Medical အဖွဲ့ဆီက သိရပါတယ်။
ဒဏ်ရာရသူ ၃ ယောက်ထဲက ၁ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က သယ်ဆောင်သွားပြီး ပေါင်နဲ့ခြေထောက်ဖောက်ထွက်ဒဏ်ရာရသူနဲ့ ဗိုက်ရှပ်ထိထားသူကိုတော့ ဆေးအကူညီ ပေးထားတယ်လို့ ဆိုပါတယ်။
မနက္ပိုင္း ၇ နာရီ ၁၅ လောက်ကစပြီး အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး နဲ့ ပစ်ခတ်နေတယ်လို့သိရပါတယ်။