စစ်ကောင်စီတပ်တွေဟာ အရပ်သားယောင်ဆောင်ပြီး အနားကပ်မှ သေနတ်နဲ့ ပစ်တယ်လို့ ချင်းပြည်နယ် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ပြောပါတယ်။
မနေ့ နေ့လယ်ပိုင်းက မင်းတပ်မြို့ ဘူးကွန်းရွာကို စစ်ပြေးဒေသခံတွေပုံစံနဲ့ အရပ်သားဝတ်စုံဝတ်၊ တာလပတ်တွေခြုံ တက်လာခဲ့ပြီး အနီးကပ်ရောက်မှ သေနတ်တွေနဲ့ စတင်ပစ်ခတ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရင်တိုက်ပွဲတွေလိုပဲ လောင်ချာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁ ယောက်သေဆုံးသလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
CDF-Mindat ဘက်ကလည်း တစ်ယောက်ကျဆုံးပြီး အစိုးရဘက်က ဒဏ်ရာရသူ ၉ ယောက် ရှိတယ်လို့ ထုတ်ပြန်ပါတယ်