မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် မေ ၂၅ ရက်မှာ ယူကေနိုင်ငံခြားရေးရာကော်မတီက သက်သေအထောက်အထားတွေကို စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
ပထမဆွေးနွေးတဲ့အပိုင်းမှာ ကော်မတီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ အပါအဝင် မြန်မာနိုင်ငံအတွင်းမှ အသံတွေကို ကြားနာစစ်ဆေးသွားမှာဖြစ်တယ်။
ဒေါက်တာဆာဆာဟာ လတ်တလောမှာ တခြားထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ပုန်းအောင်းနေရတာပါ။
ပထမအဖွဲ့မှာ ဒေါက်တာဆာဆာအပြင် ကရင်ငြိမ်းချမ်းရေးထောက်ပံ့မှုကွန်ရက်မှ နော်ကညောပေါ၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ - ACDD က သဉ္ဇာရွှန်းလဲ့ရည်တို့ ပါဝင်မှာဖြစ်ပါတယ်။
ဒုတိယအဖွဲ့မှာ ယူအန်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာက ပညာရှင်တွေဖြစ်တဲ့ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိ တွမ်အင်ဒရူးစ်၊ ဘားမားကမ်ပိန်း ယူကေမှ မာ့ခ်ဖာမန်နာ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW မှ John Sifton တို့ဆီကနေ ကြားနာမှာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာအကျဉ်းကို သတင်းအချက်အလက် ကူညီပေးမှာဖြစ်ပါတယ်။