မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဒီရက်ပိုင်းက မိုးသဲကြီးမဲကြီးရွာချလိုက်တာကြောင့် ရိုးရေ၊ ချောင်းရေကျပြီး မတ်လ ၂၁ ရက်နေ့မှာ မြင်းခြံ-တံတားဦး-မန္တလေးလမ်းမှာ ခရီးသည်တွေ သွားလာရေး ခက်ခဲနေပါတယ်။
ငါန်းဇွန်နယ်နဲ့ မြင်းသည်ရွာကြား မြင်းသည်ချောင်းရေကျော်နေတာမို့လည်း ကားတွေ ဖြတ်သန်းသွားလာနိုင်အောင် ချောင်းရေကျစောင့်ဆိုင်းနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းရေလာနေလို့ ကားတွေမကူးနိုင်ဘဲ မော်တော်ဆိုင်ကယ်တွေသာ တစ်စီး ကျပ် ၂၀၀၀ ပေးပြီး အထမ်းနဲ့ ချောင်းကျော်နေရတယ်လို့ ဆိုင်ကယ်စီးခရီးသွား တစ်ဦးက ပြောပါတယ်။