စစ်ကိုင်းမြို့မှာ မေလ ၁၉ ရက် ညပိုင်းက စစ်ကိုင်းမြို့မစျေး အရှေ့အလယ်ပေါက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြို့မစျေး အရှေ့ဘက် အလယ်ပေါက်အနီးက ညောင်ပင်ဝန်းကျင် ပလက်ဖောင်းအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီအနီးမှာရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင် ၃ ယောက် ထိခိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေဟာ စစ်မှုထမ်းဟောင်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွါးပြီး မကြာခင်မှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်နဲ့ သွားလာနေသူ ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် မေလ ၁၉ ရက် ညပိုင်းကပဲ ဇေယျာကွက်သစ်ရပ်ကွက်၊ ရွှေမင်းဝံရပ်ကွက်တို့မှာ လက်လုပ်ဗုံး ပေါက်ကွဲတာတွေနဲ့ သေနတ်ပစ်ခတ်တာတွေရှိခဲ့ပါတယ်။