မြင်းခြံမြို့၌ နာရီပိုင်းအတွင်း ၃ နေရာ ဗုံးကွဲ
DVB
·
May 20, 2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ဒီနေ့ မေလ ၂၀ ရက် မနက်ပိုင်းက နာရီပိုင်းအတွင်း နေရာ ၃ နေရာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၇ နာရီ ကျော်က ငွေကြယ်ဖြူ ဆေးဆိုင်မှာ ဗုံးပေါက်ကွဲခဲ့ပြီး တစ်ဆက်တည်းမှာပဲ ငွေကြယ်ဖြူဆိုင်ရဲ့ အိမ်မှာပါ ထပ်မံပေါက်ကွဲခဲ့တာပါ။
သိပ်မကြာတဲ့ အချိန်မှာ အမှတ် ၁၉ ရပ်ကွက်ထဲက မသီတာယုမွန်ရဲ့ နေအိမ်မှာ ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဗုံးကွဲမှုတွေဖြစ်ပြီးနောက် မြင်းခြံမှာ စစ်တပ်ရဲ့ လုံခြုံရေးတပ်သားတွေက မြို့ပေါ်ရော ရွာတွေထိပါ ဆင်းပြီး လူဖမ်းပွဲတွေပြုလုပ်နေပါတယ်။