Home
မြန်မာသတင်း
အိန္ဒိယဘက် ထွက်ပြေးခိုလှုံနေသည့် မြန်မာဦးရေ ၁၅၀၀၀ ကျော်ရှိလာဟုဆို
DVB
·
May 19, 2021

စစ်အာဏာသိမ်းမှုကာလ ၃ လခွဲကျော်အကြာ မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယဘက် ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာဦးရေ ၁၅,၀၀၀ ကျော်ထိ ရှိလာနေတယ်လို့ အိန္ဒိယတူဒေး သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ နယ်စပ် ဖြတ်ကျော်ထွက်ပြေးခိုလှုံခွင့် တောင်းခံလာကြသူတွေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒေသအတော်များများမှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ပိုများပြားလာခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယအစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေကို နှိမ်နင်းဖို့ အာဏာသိမ်း စစ်အုပ်စုရဲ့ အမိန့်ကို ဆန့်ကျင်လိုကြတဲ့ ရဲဝန်ထမ်းတွေအပါအဝင် ထွက်ပြေးတိမ်းရှောင် လာသူတွေဟာ ပြီးခဲ့တဲ့ ဧပြီလအထိ ၁၈၀၀ လောက်သာရှိခဲ့ရာမှ လက်ရှိအချိန်မှာတော့ ၁၅၄၀၀ ထက်မနည်း ရှိလာခဲ့ကာ သူတို့တွေထဲမှာ ဥပဒေပြု အမတ်တချို့လည်း ပါဝင်တယ်လို့ မီဇိုရမ်ပြည်နယ်စီမံကိန်း ဘုတ်အဖွဲ့ ဒုဥက္ကဌ အိပ်ရှ် ရမ်မာဝီက ပြောပါတယ်။

“(ပြောင်းရွှေ့ခိုလှုံလာသူတွေဟာ) တနေ့တခြား ပိုပိုပြီးတော့ တိုးပွားလာနေပါတယ်”

ထွက်ပြေးခိုလှုံနေသူတွေဟာ မီဇိုရမ်ပြည်နယ်ထဲက ဆွေမျိုးသားချင်းတွေရဲ့ နေ အိမ်တွေမှာ နေထိုင်ကြတာမို့ အတိအကျ ထောက်လှမ်းစာရင်းကောက်ယူဖို့ ခက်ခဲတယ် လို့လည်း သူက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ထဲက လူမျိုးစုတွေနဲ့ မြန်မာနိုင်ငံ တချို့ဒေသတွေမှာ နေထိုင်သူ တွေကြားမှာ တိုင်းရင်းသား မျိုးနွယ်စုဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုတွေ ရှိနေကြောင်းနဲ့ မြန်မာနိုင်ငံဘက်မှ လူဦးရေ ၆,၀၀၀ လောက်ဟာ ပြည်နယ်မြို့တော် အိုက်ဇောလ်မှာ ရှိ နေပြီး ကျန်တဲ့ဦးရေကတော့ ခရိုင် ၅ ခုမှာ ပြန့်ကျဲရောက်ရှိနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဘက်က ထွက်ပြေးခိုလှုံနေသူတွေကို မီဇိုရမ်ဒေသခံတွေ၊ အစိုးရမဟုတ် တဲ့ အဖွဲ့အစည်းတွေက ကြည့်ရှုစောင့်ရှောက်ပေးနေကြပြီး ပြည်နယ်အစိုးရအနေနဲ့ ဖက် ဒရယ် အာဏာပိုင်တွေဆီ အကူအညီ တောင်းထားတယ်လို့လည်း ရမ်မာဝီက ပြောပါ တယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024