ကချင်ပြည်နယ် မိုးကောင်းမြို့က ဒေသခံပြည်သူတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်ခံနေရတဲ့ မင်းတပ်မြို့အခြေအနေနဲ့ပတ်သက်လို့ မင်းတပ်မြို့သားတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ မေ ၁၇ ရက် မနက်ပိုင်း အင်္ကျီအနီ ဆင်တူဝင်ဆင်ပြီး ရဲရဲတောက်စာတမ်းသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။
စာတမ်းသပိတ်ကြွေးကြော်ရာမှာ "မင်းတပ်အတွက်သွေးမအေးဘူး"၊ တူမီးပဲရှိတဲ့ မြို့လေးကို လေယာဉ်နဲ့ပစ်တဲ့ခွေးတပ်မရှက်ဘူးလား"၊ မင်းတပ်မြို့နဲ့အတူမိုးကောင်း မြို့ရပ်တည်နေမယ်"၊ မင်းတပ်မြို့လေးပြည်သူ့မေတ္တာလွှမ်းခြုံ၍ဘေးကင်းကြပါစေ"၊ "ဘယ်မြို့ထိထိ ငါတို့ ရင်ဘတ်ထဲလာမှန်တယ်"၊ အရေးတော်ပုံအောင်ပြီ" အစရှိတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ရဲရဲတောက်နေတဲ့အနီရောင်ဝတ်စုံကို ဆင်တူဝတ်ဆင်ကာ မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
မိုးကောင်းမြို့ ပြည်သူတွေဟာ နေစဉ်မပျက် အရုဏ်ဦးသပိတ်၊ ဆိုင်ကယ်သပိတ်၊ ညသပိတ် စတဲ့သပိတ်တွေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး နေ့စဉ်ဆန္ဒပြနေကြတာပါ။