စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူအင်အား ထောင်ချီဟာ စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း မေ ၁၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲပါဝင်တဲ့ အမျိုးသမီးငယ်တစ်ဦးက "ဦးနင်းရင်း ပဲ့ထောင်တယ်၊ ပဲ့နင်းရင်း ဦးထောင်တယ်ဆိုတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းပါတစ်စုကို ပြောချင်ပါတယ်။ ကျမတို့ ပြည်သူတွေက အောင်စိတ်နဲ့တော်လှန်တာဖြစ်လို့ ပြည်သူတွေက လက်ခုပ်ထဲက ရေမဟုတ်ဘူး၊ မှန်ကွဲစတွေ ဖြစ်လို့ ဆုပ်ရဲရင် ဆုပ်ကြည့်လိုက်ပါ" လို့ ပြောပါတယ်။
ဒီကနေ့လုပ်တဲ့ မြို့နယ်ပူးပေါင်းသပိတ်ဟာ စစ်အာဏာရှင်ကို တော်လှန်ခဲ့တာ ရက်ပေါင်း ၆၆ ရက်ရှိပြီ ဖြစ်ပါတယ်။