သီပေါရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေအိမ်ကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်
DVB
·
April 30, 2021
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့မှာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နေအိမ်ကို ဧပြီလ ၂၉ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်က လက်လုပ်မိုင်နဲ့ လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
သီပေါမြို့၊ တောင်မြို့ရပ်ကွက်၊ နယ်မြေ (၂) ဦးစိုင်းသာလှိုင် မြို့နယ်ရွေးကောက် ဥက္ကဋ္ဌ ရဲ့ နေအိမ်ဖြစ်ပြီး မည်သူ မည်ဝါက လာရောက် ပစ်ခတ်ခဲ့တာကို မသိကြောင်း မျက်မြင်တစ်ဦးက ပြောပါတယ်။
ထိခိုက်ဆုံးရှုံးမှု အတိအကျကို မသိရသေးပေမယ့် အဆောက်အအုံ အနည်းငယ် ပျက်စီးပြီး လူထိခိုက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။