မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီလ ၂၆ ရက်နေ့ညကိုးနာရီဝန်းကျင်က ဇောတိကရာမကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနဲ့၊ ရတနာကြေးမုံကျောင်းက ဦးဇင်းတစ်ပါးနဲ့အတူ ကျောင်းသား ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အကြောင်းအရာအတိအကျကိုမသိရသေးဘဲ သွေးသစ္စာသီချင်းကို ဖွင့်တာကြောင့် ဖမ်းတာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ မိုးကုတ်မြို့က ညသံပုံးတီးသူတွေကိုလည်း မတီးဖို့ သေနတ်နဲ့ပစ်ခတ် ခြိမ်းခြောက်နေပြီး ည ၈ နာရီနောက်ပိုင်း လမ်းမှာတွေ့တဲ့သူတွေကိုလည်း ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။