မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာတွေကို ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့ မြန်မာကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာခြားမြန်မာ ကျောင်းသားများအဖွဲ့က ဧပြီလ ၂၀ ရက်နေ့မှာ နယ်သာလန်နိုင်ငံအကြီးအကဲတွေကို သည်ဟိတ်မြို့မှာ တောင်းဆိုလိုက်ပါတယ်။
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ အန်အယ်လ်ဒီပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းတာကိုလက်မခံဘူးလို့လည်း ကျောင်းသားတွေက ဆိုပါတယ်။
အာဏာသိမ်းယူခဲ့တဲ့စစ်တပ်ကို လက်သင့်မခံသလို သူတို့ပြောဆိုလုပ်ဆောင်မှုတွေကိုလည်း မယုံကြည်ဘူးလို့ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ မဧကရီစိုးကပြောပါတယ်။
အခုပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုသာလက်ခံပြီး ဒီအစိုးရကသာ မြန်မာပြည်သူတွေအတွက် အလုပ်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သူက ဆိုပါတယ်။