တရုတ်ပစ္စည်းများ မသုံးစွဲကြရန် လှိုင်လူငယ်များ ဆန္ဒထုတ်ဖော်
DVB
·
April 9, 2021
တရုတ်ပစ္စည်းတွေ မသုံးစွဲကြဖို့၊ ပြည်တွင်းဖြစ်ထုတ်ကုန်ကိုပဲ သုံးစွဲကြဖို့ ဒီနေ့မနက်ပိုင်း လှိုင်မြို့နယ် လူငယ်တွေက ဆန္ဒပြ လှုံ့ဆော်ခဲ့ကြပါတယ်။
ပြီးတော့ အာဏာသိမ်းစစ်တပ်ကို နောက်ကွယ်က ပံ့ပိုးပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေ ချက်ချင်းရပ်ပြီး မြန်မာပြည်သူဘက်ကပဲ ရပ်တည်ဖို့ အသိပေးတဲ့အနေနဲ့ တရုပ်ခေါင်းဆောင်တွေရဲ့ ပုံတွေကို မီးရှို့ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။