DVB
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ မတ် ၂၇ ရက်နေ့မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရင်း ပထမဦးဆုံး ကျဆုံးခဲ့သူ ပလောင်လူမျိုးမရွှေမြင့်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ယူဆောင်သွားတဲ့ ကျဆုံး မရွှေမြင့်အား စစ်တပ်က ပစ်ခတ်တာမဟုတ်ကြောင်း မိသားစုကို ဝန်ခံလက်မှတ်ထိုးပြီးမှ ထုတ်ယူခွင့်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မရွှေမြင့်ရဲ့ အလောင်းအား နေအိမ်သယ်ခွင့်မပေးဘဲ စစ်ဆေးရုံမှတဆင့် ဗန်းမော်မြို့ ကြက်ပေါင်ခြံသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခွင့်ရရှိခဲ့ပြီး အချိန်အကန့်အသတ်ကြောင့် လူဦးရေ ၅၀၀၀ လောက်သာ တက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၆ နှစ်အရွယ် မရွှေမြင့်ဟာ မျိုးသားဖြစ်သူနဲ့ သားသမီး ၂ ဦး ကျန်ရှိခဲ့တယ်လို့ သိပါတယ်။
မရွှေမြင့်ဟာ မတ်လ ၂၇ ရက်နေ့က ညောင်ပင်ရပ်ကွက်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ရဲက ဝင်စီးစဥ်မှာ ပစ်ခတ်ခံရမှုကြောင့် ကျဆုံးခဲ့တာပါ။