အောင်မြေသာစံက ပြည်သူ ၁ ဦးကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်
DVB
·
March 28, 2021
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် ၁၉ လမ်း၊ လမ်း ၉၀ နဲ့ ၉၁ လမ်းကြား တံတားဦးဘုန်းကြီးကျောင်းအနီးမှာ မတ်လ ၂၇ ရက်နေ့ ညပိုင်းက အကြမ်းဖက် စစ်တပ်က ပြည်သူတစ်ဦးကို မီးရှို့သတ်ခဲ့တယ်လို့ သိရပါတယ်။
မီးရှို့သတ်ခံရသူဟာ ကလေး လေးယောက်အဖေလို့ ကနဦး သိရပြီး အမည်၊ အသက် နဲ့ နေရပ်လိပ်စာ အတိအကျကိုတော့ မသိရသေးပါဘူး။
ညပိုင်းမှာ မင်းတဲအီကင်းရပ်ကွက်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ကာ ရပ်ကွက်ရုံးလည်း မီးရှို့ခံခဲ့ရပါတယ်။