ဖဒိုမြို့၌ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးကျဆုံးပြီး ၇ ဦးထက်နည်း ဒဏ်ရာရ
DVB
·
March 27, 2021
ပဲခူးတိုင်း ဖဒိုမြို့မှာ မတ်လ ၂၇ ရက် ဒီနေ့မနက် ၉ နာရီလောက်က လမ်းလျှောက် ဆန္ဒပြ တဲ့ ပြည်သူတွေကို ဖဒိုရဲစခန်းအတွင်းမှ သေနတ်နဲ့ လှမ်းပစ်လို့ ဦးရေဂင် (ခ) စောအယ်မူးပွဲ အသက် (၅၂နှစ်) နေရာမှာတင် ကျဆုံးသွားပြီး ခြေထောက်၊ လက်၊ ရင်ဘက်မှာ ဒဏ်ရာရသူ ၇ ဦး လောက် ရှိနေပါတယ်။
ဒဏ်ရာရသူတွေကို ဖဒို ဆေးရုံနဲ့ ပိန်းဇလုပ်ဆေးရုံကို ပို့ထားကြောင်း သိရပါတယ်။ ယနေ့ ပဲခူးတိုင်းအရှေ့ ကျောက်တံခါးမြို့နယ် ဖဒို ၊ ပဲနွယ်ကုန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသူ ပြည်သူ အနည်းဆုံး ၂ ဦး ရှိပါတယ်။