ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၂၆ သန်းကျော်နဲ့ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၂၇ သိန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်က တော့ ၁၀၂ သန်းနီးပါး ရှိနေတာပါ။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ သန်း ၃၀ ကျော်၊ သေဆုံးသူ ၅ သိန်းခွဲကျော် ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၁၂ သန်းကျော်၊ သေဆုံးသူ ၃ သိန်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။
တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂ သန်း နီးပါး၊ သေဆုံးသူ ၁ သိန်း ၆ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ပြင်သစ်နဲ့ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ အီတလီနဲ့ စပိန်နဲ့ တူရကီနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ဂျာ မနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကိုနဲ့ ပိုလန်နိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်း ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အီရန်၊ ယူကရိန်း၊ တောင်အာဖရိက၊ ချက်သမ္မတနိုင်ငံ၊ ပီရူး၊ အင်ဒိုနီးရှားနိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၈၉ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနဲ့ အီရတ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၈ သိန်းကျော်စီ၊ ဖိလစ်ပိုင်နိုင်ငံက ၇ သိန်းကျော်၊ ပါကစ္စတန် နိုင်ငံက ရောဂါကူးစက်ခံရသူ ဦးရေ ၆ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ် ပါတယ်။
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစု ပေါင်း ၅ သိန်း ၈ သောင်းကျော်နဲ့ သေဆုံးသူ ၈,၈၃၀ ယောက် ရှိနေတာပါ။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၃၄၀ ယောက်၊ သေဆုံး သူ ၃,၂၀၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၁,၇၈၁ ယောက်ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ သိန်း ၃ သောင်းကျော်နဲ့ သေဆုံးသူ ၁,၂၄၉ ယောက် ရှိပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်းကျော်နဲ့ သေ ဆုံးသူအရေအတွက်အယောက် ၃၀ ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သောင်း ၈ ထောင်ကျော်နဲ့ သေဆုံးသူ ၉၂ ယောက် ရှိနေပါ တယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၅၈၆ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၀၆ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၉၆၈ ယောက်နဲ့ သေဆုံးသူ ၈ ယောက်ရှိလာခဲ့ပြီဖြစ်ပြီး လာအိုနိုင်ငံမှာတော့ ရောဂါကူး စက်ခံရသူ ၄၉ ယောက် ရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။