ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်မှာ မတ်၂၄ ရက်က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အသက် ၆၀ ကျော် အမျိုးသား ၁ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရဲနဲ့စစ်သား ၁၀၀ ကျော်လောက်က သားဖြစ်တဲ့သူကို လာဖမ်းချိန်မှာ နေအိမ်မှာ မရှိတဲ့အတွက် ဖခင်ဖြစ်သူ အသက် ၆၀ ကျော် ဦးခင်ဝင်းကို ဖမ်းခေါ်သွားတာလို့ မျက်မြင်တွေ့သူတွေက DVB ကိုပြောပါတယ်။
"ဘာမှန်းမသိဘူး ကားတွေအများကြီးနဲ့လာတာ အင်အား ၁၀၀ ကျော်မယ် အဲ့တာနဲ့ အဝေးက လိုက်ကြည့်တော့ ကိုခင်ဝင်းကို ဖမ်းခေါ်သွားတာတွေ့တယ် နောက်မှသိရတာ လာဖမ်းတာက သူ့သားကို ဖမ်းတယ်ဆိုတာ''လို့ ပြောပါတယ်။
ပုသိမ်မြို့မှာတော့ စစ်တပ်ရဲ့အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးခင်ဝင်းပါ အပါဆိုရင် ၁၂ ဦး ထိရှိလာပြီဖြစ်ပါတယ်။
စစ်တပ်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၇ ရက်ကစတင်ကာ ဆန္ဒပြလာခဲ့တာ ရက်ပေါင်း ၄၆ ရက်ရှိပြီဖြစ် သလို ရဲနဲ့စစ်တပ် ဖြိုခွင်းခံရတာ ၇ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။