Home
မြန်မာသတင်း
မိုးကုတ်မြို့၌ ရပ်ကွက်ကင်းသမားများကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
March 20, 2021

မန္တလေးတိုင်း၊  မိုးကုတ်မြို့နယ်မှာ မတ်လ ၁၉ ရက်  ည ၁၁ နာရီဝန်းကျင်က ရပ်ကွက်မှာ ကင်းစောင့်နေတဲ့  အရပ်သားတွေကို  ရဲနဲ့စစ်တပ်က  အင်အားအလုံးအရင်းနဲ့ဝင်ရောက်လာပြီး  ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်တာကြောင့်  ပြည်သူ ၁ ဦး ခေါင်းကို ကျည်မှန်ပြီး ဦးနှောက်ပွင့်ကာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျည်အစစ်ထိမှန်တာ သုံးယောက်ရှိပြီး  တစ်ယောက်သေဆုံးကာ ကျန်တစ်ယောက်ကတော့  စိုးရိမ်ရတဲ့အနေအထားမှာရှိနေကာ  ပြင်ဦးလွင်ဆေးရုံကိုပို့ ဆောင်ထားတယ်လို့လည်း သိရပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းမှာ မနေ့ည ၁၁ နာရီလောက်က ရဲနဲ့ စစ်တပ်က ကျည်ဆန်အစစ်တွေနဲ့ အချက်ပေါင်း ၁၀၀ ကျော်ပစ်ခတ်ခဲ့ပြီး ဒီကနေ့ မတ်လ ၂၀ ရက် မနက်ပိုင်းမှာလည်း ရဲနဲ့ စစ်သားတွေ မိုးကုတ်မြို့မှာ အလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024