တောင်ဒဂုံတွင် ရဲတပ်ဖွဲ့၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ကျည်ဆန်ထိမှန်
DVB
·
March 19, 2021
ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၂၂ ရပ်ကွက်မှာ မတ်လ ၁၉ ရက် အခု ညနေ ၅ နာရီလောက်က ဆန္ဒပြဖို့ လူစုနေတုန်း လက်နက်ကိုင်ရဲ အယောက် ၂၀ လောက် ရောက်လာပြီး သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်လို့ ပြည်သူ ၃ ယောက် ကျည်ထိမှန် ဒဏ်ရာရပါတယ်။
တယောက်ကတော့ မျက်စိအထက် ဦးခေါင်းခွံကွဲပဲ့ထွက်သွားပြီး ကျန် တယောက်က လည်ပင်းကိုထိမှန်ခဲ့ကာ နောက်တယောက်က လက်ကိုထိမှန်တယ်လို့ ဒေသခံက ပြောပါတယ်။
သူတို့ကို လူနာတင်ယာဉ်တွေနဲ့ ဆေးရုံပို့နေပြီး အဖမ်းခံရသူတချို့ရှိတယ်လို့သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။