ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်းက ကျေးရွာသုသာန်တွေမှာ မတ် ၁၇ ရက် ညပိုင်းက စစ်အာဏာရှင်ကျဆုံးရေး ညသပိတ်နဲ့ မီးထွန်းဆုတောင်းပွဲကို G-Z လူငယ်တွေက ပြုလုပ်ခဲ့ပါတယ်။
သူတို့ သုသာန်တွေမှာ မီးထွန်းဆုတောင်းကြသလို ကြွေးကြော်သံတွေနဲ့ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။
ဘားအံမြို့ပေါ်မှာ ဆန္ဒမပြနိုင်အောင် စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက ဆန္ဒပြသူတွေကို နေ့ဖက် ညဖက်တွေမှာ လိုက်လံဖမ်းဆီးနေတဲ့ကြားက စစ်အာဏာရှင် ကျဆုံးရေးအတွက် ပြောက်ကျား စနစ်နဲ့ လူအင်အား ၁၀၀ ကျော်ဟာ ဆိုင်ကယ်တွေနဲ့ ဘားအံမြို့နယ်အတွင်းပါ ငြိမ်ချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။