တောင်ကြီးတွင် CDM ကျန်းမာရေးဝန်ထမ်းများ နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရ
DVB
·
March 14, 2021
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ မတ်လ ၁၄ ရက်ညနေပိုင်းက နေအိမ်လိုင်းခန်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။
မတ် ၁၅ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အလုပ်ပြန်ဆင်းဖို့နဲ့ တကယ်လို့ မဆင်းနိုင်ပါက နေအိမ်လိုင်းခန်းကနေ ဖယ်ရှားခံရမယ်လို့ စာလာကပ်တဲ့အတွက် ဝန်ထမ်းတွေက ဒီကနေ့ ကြိုပြီး ရွှေ့ပြောင်းခဲ့ကြတာပါ။
တောင်ကြီးမြို့ အမျိုးသမီးနဲ့ ကလေးဆေးရုံနဲ့ အဆုတ်ဆေးရုံဝင်းက ဝန်ထမ်းတွေ ရွှေပြောင်းပေးခဲ့ရတာလည်း ဖြစ်ပါတယ်။