Homeမြန်မာသတင်း
ရေးမြို့ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်း၊ NLD ဥက္ကဋ္ဌစီးလာသည့် ဆိုင်ကယ်ကို ကားဖြင့်လိုက်တိုက်
ရေးမြို့ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်း၊ NLD ဥက္ကဋ္ဌစီးလာသည့် ဆိုင်ကယ်ကို ကားဖြင့်လိုက်တိုက်
DVB
·
March 13, 2021
မွန်ပြည်နယ် ရေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို မတ် ၁၃ ရက်နေ့ မနက်က
ရဲ နှင့် စစ်တပ်က ရာဘာကျည်နဲ့ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ပါတယ်။
ရေးမြို့ NLD ဥက္ကဋ္ဌ ဦးကျော်မိုးအေး စီးလာတဲ့ ဆိုင်ကယ်အား ရဲ ကားနဲ့ လိုက်တိုက်ပြီး သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးခဲ့ပေမယ့် ဦးကျော်မိုးအေး လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကိုလည်း လိုက်လံဖမ်းဆီးမှုတွေရှိပေမယ့်
လူစုခွဲပြီး လွတ်မြောက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။