မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မတ်လ ၁၁ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့နဲ့စစ်သားတွေဟာ အကြမ်းဖက်ဖြိုခွင်းပြီး မိန်းကလေးတဦးအပါအဝင် ဆယ်ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
သပိတ်ခေါင်းဆောင်တွေက သွားရောက်ညှိနှိုင်းရာမှာ ရဲတွေက မလျော့တဲ့အပြင် ရှေ့တိုးလာတာကြောင့် ပြည်သူတွေက နောက်ပြန်ဆုတ်ပေမယ့် မျက်ရည်ယိုဗုံး၊ အသံဗုံး၊ မီးခိုးဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ကာ ပြည်သူတွေရဲ့ ဒိုင်းကာတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ပြည်သူတွေက လမ်းပိတ်ပေမယ့် ပြည်သူတွေ တားထားတဲ့လမ်းကို ဖျက်ပြီးဖြိုခွင်းတာဖြစ်ပြီး ဒဏ်ရာတစ်ယောက်ရထားတယ်လို့ ဆိုပါတယ်။
မိုးကုတ်အရှေ့ပိုင်းကော အနောက်ပိုင်းမှာပါ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့တာပြီး အနောက်ပိုင်းကတော့ အဖမ်းခံရသူ မရှိသေးဘူးလို့ သိရပါတယ်။