မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ ၃ မြို့နယ်မှာ စစ်အာဏာရှင်ပြုတ်ကျရေး ပါဝင်ဆန္ဒပြသူတွေ အန္တရာယ်ကင်းစေဖို့ ပရိတ်ပဌာန်းတွေ ရွတ်ဖတ်ကြပြီး အင်အားသောင်းချီဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြဦးဇင်းတစ်ပါးက "ဗုဒ္ဓဘာသာဖြစ်တဲ့ ရဟန်းသာမဏေတွေဟာ ဒကာဒကာမတွေ မှီခိုပြီးရပ်တည်ရတယ်၊ ဒကာဒကာမတွေ ဆင်းရဲဒုက္ခရောက်နေတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်ူမာရေး စတဲ့အရေးတွေ နိမ့်ပါးနေရင် ဦးဇင်းတို့ ပရိယတ် ပရိပတ် တာဝန်တွေ ထမ်းဆောင်ဖို့ မဖြစ်နိုင်ဘူး၊ ဒကာဒကာမတွေ အဆင်ပြေနေမှ ဖြစ်မှာပါ။ အဲဒါကြောင့် ဒကာဒကာမတွေရဲ့ ဒုက္ခတွေ မျှဝေခံစားရင်း အဲဒီဒုက္ခတွေက လွတ်မြောက်ဖို့ တရားတဲ့အစိုးရ မှန်ကန်တဲ့ အစိုးရဖြစ်စေဖို့ လူထုနဲ့အတူ ဆန္ဒပြရခြင်းဖြစ်ပါတယ်" လို့ DVB ကို မိန့်ပါတယ်။
ဝမ်းတွင်းမှာ အင်အား တစ်သောင်းခွဲလောက်၊ သာစည်မှာ အင်အား တစ်သောင်းကျော် မိတ္ထီလာမှာ အင်အား သုံးသောင်းလောက် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင် ကျဆုံးပါစေ" "ရုံးမတက်နဲ့ ရုန်ူထွက်" စတဲ့ ဆိုင်းဘုတ်တွေ ဌာနအလိုက်သပိတ်စစ်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ CDM မှာ မပါဝင်သေးတဲ့ ဌာနဆိုင်ရာရုံးတွေရှေ့မှာ ဆိုင်ကယ်တွေ ကားတွေ ရပ်တန့်ဆန္ဒပြခဲ့ပြီး လာရောက်အားပေးဝန်းရံသူ ပြည်သူတွေက ရေသန့်၊ မုန့်နဲံ အချိုရည်တွေ ပေးဝေပြီး လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။
သတင်း-ဓာတ်ပုံ-မောင်မောင်လင်း