မိုးညှင်းစီးပွားရေးဘဏ် ဝန်ထမ်းများ CDM ပါဝင်လာစေရေး ဂစ်တာတီး ထိုင်သပိတ်ပြုလုပ်
DVB
·
February 19, 2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်က မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတွေ CDM ပါဝင်ရေး ဆွဲဆောင်မှုအဖြစ် လူငယ် ၁၀၀ ကျော်ဟာ ဘဏ်ရှေ့ဂစ်တာတီးပြီး သံပြိုင်သီချင်းများနဲ့ ငြိမ်းစွာ ထိုင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေးတပ်နဲ့ ရဲတွေေက စောင့်ကြပ်ပေးထားကြပြီး မွန်းတည့် ၁၂ နာရီမှာ လူငယ်တွေ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြပါတယ်။
မိုးညှင်းမှာ မြို့တွင်းစီတန်းလှည့်လည် ဆန္ဒပြတာတော့ ၁၂ ရက်ရှိခဲ့ပြီဖြစ်ပြီး လူငယ်တွေ ထိုင်သပိတ်ကတော့ ၃ ရက်မြောက်ဖြစ်ပါတယ်။