စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် ခွင့် ၃ ရက်ပေးဖို့ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ Arao အထည်ချုပ်စက်ရုံဝန်ထမ်း ၃ ထောင်ဝန်းကျင်လောက်ဟာ စက်ရုံရှေ့မှာ ဒီနေ့မနက် တောင်းဆိုနေကြတယ်လို့ Labour Power Group ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ပြောပါတယ်။
အစက အလုပ် ၃ ရက်မဆင်းရင် အလုပ်ကထုတ်မယ်လို့ အလုပ်ရှင်က ပြောထားတယ်လို့ ဆိုပါတယ်။
အခုလက်ရှိကတော့ ခွင့်ရက်ကို လစာမဲ့ခွင့်ပေးမယ်လို့ ပြောပေမယ့် အလုပ်သမားတွေက လစာမဲ့မဟုတ်ဘဲ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်တွေထဲက လိုချင်နေကြပါတယ်။
ဒါကြောင့် အခုချိန်ထိ စက်ရုံရှေ့မှာ အလုပ်သမား ၃ ထောင်ဝန်းကျင်က ခွင့် ၃ ရက် ပေးဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။