မန္တလေးမြို့၊ ၇၇ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ အကြားရှိ မီးရထားဝန်ထမ်းတိုက်တန်းမှာ CDM လုပ်ဆောင်နေတဲ့ မီးရထားဝန်ထမ်းတွေအတွက် ဟင်းသီးဟင်းရွက် အလှူပြုလုပ်ခဲ့တယ်လို့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ အနီးတစ်ဝိုက်မှာ နေထိုင်တဲ့ အလှူရှင် တချို့က ငွေကျပ် ၅ သန်းလောက် တန်ဖိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူလှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့က မီးရထားဝန်ထမ်းအားလုံး နီးပါးဟာ အလုပ်မဆင်းဘဲ အာဏာဖီဆန်တဲ့ (CDM) လှုပ်ရှားမှုမှာ ပါဝင် လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
နောက်ရက်တွေမှာလည်း CDM လုပ်ဆောင်တဲ့ တခြားဝန်ထမ်းမိသားစုတွေအတွက် ဟင်းသီးဟင်းရွက်လှူဒါန်းတာတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးဆောင်သူ တစ်ဦးက ပြောပါတယ်။
ထိန်ထိန်လင်း