မကွေးမြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူဦးရေ ၄ သိန်းလောက် ချီတက်ဆန္ဒပြနေပြီး CDM လှုပ်ရှာမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို ထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေပြီလို့ သိရပါတယ်။
မကွေးမြို့ ဝန်ထမ်းပေါင်းစုံအထွေထွေသပိတ်၊ ဗမာ့နွေဦးတော်လှန်ရေး၊ ပညာရေးဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဆည်မြောင်းဝန်ထမ်းတွေ၊ သပိတ်စစ်ကြောင်တွေအပြင် အဖွဲ့စည်းပေါင်းစုံက သပိတ်စစ်ကြောင်းတွေ တစ်ညီတစ်ညွှတ်တည်း စုပေါင်း ဆန္ဒပြနေကြတာပါ။
ဒါ့အပြင် မကွေးတက္ကသိုလ်ရှေ့မှာ အထိုင်သပိတ်ပြုလုပ်နေပြီး ဂီတပညာရှင်၊ ပန်ချီပညာရှင်တွေ၊ ကဗျာဆရာတွေ စုပေါင်းပြီး အသွင်သဏ္ဌာန်မျိုးစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း CDM ကူညီထောက်ပံ့ရေးအဖွဲ့ (မကွေး) က မြို့နယ်အလိုက် ထောက်ပံ့တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြနေကြတာပါ။
သတင်း-မင်းထီး