စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကန့်ကွက်သပိတ်မှောက်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့မနက် ရန်ကုန်မြို့မှာ ကျောင်းသားသမဂ္ဂတပ်ပေါင်းစုကနေ ကျောင်းသား ကျောင်းသူတွေ အများအပြား ပါဝင် ဆန္ဒပြနေကြပါတယ်။
ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး၊ အဖမ်းဆီးခံ ခေါင်းဆောင်တွေ ချက်ချင်းလွှတ်ပေးဖို့၊ ဗျူရိုကရက် စက်ယန္တရားဖျက်ပေးဖို့၊ စစ်ယန္တရားစနစ် ဖျက်ဖို့ CDM မှာ ပါဝင်ကြဖို့ တောင်းဆို ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။
ကျောင်းသားသမဂ္ဂတပ်ပေါင်းစု (ဗကသ) ကျောင်းသား ကျောင်းသူတွေဟာ ဗိုလ်တထောင်ဘုရားကနေ ဆူးလေဘုရားအထိ လမ်းလျှောက်ပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စိုးမိုးအောင်