ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာရှင်အလိုမရှိကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မြို့ခံပြည်သူနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အား သိန်းချီ ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေထဲမှာ မြို့ခံပြည်သူတွေနဲ့ ပညာရေးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ ပါဝင်ဆန္ဒပြခဲ့ပြီး ဒေသခံပြည်သူတွေကတော့ လက်ခုပ်တီးကြိုဆိုတာတွေ ရေသန့်နဲ့ အအေး တိုက်ခဲ့ကြပါတယ်။
ဆန္ဒပြတဲ့ ပြည်သူတွေဟာ ပုသိမ်မြို့ပေါ်လမ်းတွေကို လှည့်လည်ဆန္ဒပြခဲ့ပြီး ပုသိမ်မြို့တော်ခန်းမရှေ့နဲ့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့တွေမှာတော့ ရဲအင်အား ရာချီလုံခြုံရေးရယူထားတာကြောင့် ဖြတ်ခွင့်မရရှိခဲ့ပါဘူး။
ပုသိမ်မှာ မြို့ခံပြည်သူနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အားသိန်းချီဆန္ဒပြခဲ့သလို ဧရာဝတီတိုင်းအတွင်းက မြို့နယ်တော်တော်များများမှာလည်း လူအင်အားထောင်နဲ့ချီပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြနေကြပါတယ်။
မင်းထက်မုန်း