ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ ပညာရေး၀န်ထမ်းတွေ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ မပါ၀င်နိုင်ရေးအတွက်ဖိအားပေးတဲ့အနေနဲ့ ရာထူးတိုးဖြေဆိုခွင့် စာရင်းပြုစုဖို့ ပညာရေးမှူးက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ပူတာအိုခရိုင်ပညာရေးမှူး ဦးခဲမှိုင်းက CDMမှာ ပါ၀င်တဲ့ ပညာရေး၀န်ထမ်းတွေနဲ့ ခေါင်းဆောင်တွေကို သတင်းပေးသူလည်းဖြစ်တယ်လို့ ပူတာအိုမှ ကျောင်းအုပ်တစ်ယောက်က ပြောပါတယ်။
ဦးခဲမှိုင်းဟာ တပ်မတော်ကနေ အငြိမ်းစားယူခဲ့သူဖြစ်ပြီး လက်ရှိ ပင်စင်လစာ ၂ သိန်းနဲ့ ခရိုင်ပညာရေးမှူးလစာပါရရှိသူဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပူတာအိုခရိုင်မှာ ပြည်သူလူထုတွေက ဆန္ဒပြနေကြရာမှာ ဆရာဆရာမတွေကလည်း အလုပ်မဆင်းဘဲ အာဏာဖီဆန်တဲ့ လူထုလှုပ်ရှားမှု CDMမှာ ပါဝင်ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။