စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်အစိုးရအား CDM ပါဝင်ထားတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေ၊ လူမူရေးအသင်းအဖွဲ့တွေ၊ သံဃာတော်တွေ၊ မြန်မာမွတ်စလင်အဖွဲ့တွေနဲ့ ပြည်သူ အင်အား သိန်းချီ ဆန္ဒပြခဲ့ကြပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာမပါဝင်သေးတဲ့ ကျန်ရှိနေသေးတဲ့ ဝန်ထမ်းတွေလည်း အမြန်ဆုံးပူးပေါင်းပါဝင်ပေးကြဖို့ ဆန္ဒပြသူတွေ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေကို ဒေသခံပြည်သူတွေက ထမင်းထုပ်တွေ ပေးဝေခဲ့သလို အမှိုက်ကောက်အဖွဲ့နဲ့ ကျန်းမာရေးကူညီမှုပေးနိုင်ဖို့ စေတနာ့ဝန်ထမ်းတွေလည်း ဆန္ဒပြရာလမ်းတစ်လျှောက် လိုက်လံခဲ့ကြပါတယ်။