မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁) ရှေ့ အင်အား ထောင်ချီဆန္ဒပြ
DVB
·
February 13, 2021
စစ်အာဏာရှင်အလိုမရှိကြောင်း ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁) အရှေ့မှာ ဒီနေ့မနက် အင်အား ၁၀၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ မြဝတီမြို့ဘုရင့်နောင်လမ်းမကြီးကနေ စည်ပင်ရုံးအရှေ့ဘက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ အင်တာနက် မကြာခဏ ပြတ်တောက်နေသလို ဆန္ဒပြပွဲတွေကြောင့် စစ်ဆေးရေးဂိတ်နဲ့ ကုန်သွယ်ရေးဇုန်မှာ ကြန့်ကြာတာတွေရှိပေမယ့် ကုန်စည်တင်ပို့ တင်သွင်းမှုကတော့ ပုံမှန်အတိုင်း ရှိနေတယ်လို့ သိရပါတယ်။
ဖိုးစီ