စစ်အာဏာရှင်အလိုမရှိကြောင်း ချီဖွေပြည်သူများ ပထမဆုံးအကြိမ် ဆန္ဒပြ
DVB
·
February 11, 2021
စစ်အာဏာရှင်အလိုမရှိကြောင်း ကချင်ပြည်နယ် ချီဖွေမြို့ မြို့တွင်းလမ်းပေါ်တွေမှာ ဒီနေ့မနက် ပြည်သူ ၁ ထောင်လောက် ဆန္ဒပြနေကြပါတယ်။
တပ်မတော်စစ်အာဏာသိမ်းပြီး ဆယ်ရက်မြောက်နေ့မှာ ပထမဆုံးအကြိမ် ချီဖွေပြည်သူများ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ကချင်ပြည်နယ်မှာ ပူတာအို၊ မြစ်ကြီးနား၊ မိုးညှင်း အစရှိတဲ့မြို့ကြီးတွေမှာလည်း ပြည်သူ သိန်းသောင်းချီကာ စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ်ဆန္ဒဖော်ထုတ်နေကြပါတယ်။
ဇုန်းကျန်း CJ