ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)က ဝန်ထမ်းတွေကို အတင်းအကျပ်အလုပ်တက်ဖို့ ဖိအားပေးတယ်လို့ သတင်းတွေထွက်ပြီးနောက်ပိုင်း ဒီနေ့က စပြီး ရုံးကို ယာယီပိတ်ထားလိုက်ပြီလို့ ကြေညာပါတယ်။
အသင်းချုပ်ရုံးက ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM)မှာ မပါဝင်နိုင်အောင် ဖိအားပေးတာတွေ မရှိခဲ့ဘူးလို့ မနေ့က ထုတ်ပြန်ထားပြီး ဒီနေ့တော့ အရေးပေါ်အစည်းအဝေး တခုကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကနေ ဒီနေ့ကစလို့ ရုံးကို ယာယီပိတ်ထားပြီး ဒီကာလမှာ ဝန်ထမ်းတွေကို လစာခံစားခွင့်အပြည့်ပေးထားမယ်လို့ ကြေညာပါတယ်။