ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ကန်တော်ကြီး ပတ်လမ်းမှာ ရှိတဲ့ ရန်ကုန်မျက်စိအထူးကုဆေးရုံက ဆရာဝန်တွေဟာ အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု (CDM) ပြုလုပ်ကာ ဆေးရုံပိတ်ထားလိုက်ပါတယ်။
ဆေးရုံအနေနဲ့ အရေးပေါ် လူနာကလွဲလို့ ဝန်ထမ်းတွေ ဆရာဝန်အနေနဲ့ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန်တွေက ပြောပါတယ်။
စစ်အစိုးရက လူ ၅ ဦးထက်ပိုမစုရ အမိန့်ထုတ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ရပ်တန့်စေဖို့ ကြိုးပမ်းပေမဲ့လည်း မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေဟာ မြို့နယ်အသီးသီးမှာ လူထုသိန်းနဲ့ချီပြီး ဆက်လက်ဆန္ဒပြနေကာ ရဲတပ်ဖွဲ့တချို့ ပူးပေါင်း ပါဝင်လာပါတယ်။