ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း အထွေထွေသပိတ်ဦးဆောင်သူတွေကို စစ်တပ်၊ ရဲတို့က ဖမ်းဆီးတာ၊ နေအိမ်အဆောက်အဦတွေမှာ ဝင်ရောက်ရှာဖွေတာတွေလည်း ရှိခဲ့ပါတယ်။
ဒီနေ့မှာလည်း နေရာအသီးသီးမှာ ဆန္ဒပြသပိတ်ကို ဆင်နွှဲခဲ့ကြပြီး ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ဦးဆောင်သူတချို့ကို ဝင်ဆွဲတာတွေရှိပေမယ့် ပြည်သူတွေက ဝိုင်းဝန်းပိတ်ဆို့ထားလို့ ပါမသွားခဲ့ပါဘူး။
မြို့ဝင်နေရာအားလုံးမှာလည်း လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။ မြို့တော်ခန်းမရှေ့အပါအဝင် မြို့တွင်းက တချို့နေရာတွေမှာလည်း လမ်းပိတ်ဆို့ကာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ အကြမ်းဖက် ဖြိုခွင်းတာတွေတော့ မရှိသေးပါဘူး။
မွန်းလွဲပိုင်းမှာတော့ အထွေထွေသပိတ်ကို လူစုခွဲခဲ့ကြပါတယ်။ မုံရွာမြို့က အထွေထွေသပိတ်မှာတော့ လူငယ်တွေအများစုက ဦးဆောင်နေကြပါတယ်။
အောင်ကိုလတ်